fbpx

Samyang ရဲ့ Let’s Challenge ခေါက်ဆွဲစားပြိုင်ပွဲ

Samyang ရဲ့ Let’s Challenge ခေါက်ဆွဲစားပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ပြိုင်ပွဲ၊ Lucky Draw ရွေးချယ်ခြင်းနဲ့ Project K Fan များပျော်ပျော်ရွှင်ရွှင်ခေါက်ဆွဲစားပြိုင်မည့်အစီအစဉ်ကို Junction Square Center မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ Samyang Foods Company ကတော့ Korea နိုင်ငံရဲ့ပထမဆုံးခေါက်ဆွဲကို စတင်ထုတ်လုပ်တဲ့ Company ဖြစ်ပြီး HACCPလက်မှတ်နဲ့ ISO 2001လက်မှတ်များရရှိထားတဲ့ Company ဖြစ်ပါတယ်။ Samyang Original Hot Chicken, 2X spicy, Carbonara,Chese Curry,Hot Chicken Jjajang နဲ့ Hot Chicken Stew စတဲ့ခေါက်ဆွဲတွေကို Series လိုက်ထုတ်လုပ်ထားပါတယ်။ Samyangမှ အရည်သောက်ပုံစံနဲ့စားချင်တဲ့လူတွေအတွက် ပုံမှန်အရသာလေးတွေကိုတော့ Original, Seafood အနံ့အရသာ ၊ Kimchi အရသာလေးတွေအပြင် Original Spicy အရသာအမျိုးအစား စုံလင်အောင်ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။

Read Previous

K-Wonder Music Festival

Read Next

တရုတ်-မြန်မာနှစ်နိုင်ငံ သံတမန်ဆက်ဆံရေးတည်ထောင်ခြင် အနှစ်၇၀ ပြည့်အထိမ်းအမှတ်